မြန်မာစာပေလောကမှာ ထင်ရှားတဲ့ မောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားပြီး အငြိမ်းစား မြန်မာစာပါမောက္ခဖြစ်တဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ဇန်နဝါရီ ၂၇ ရက်နေ့ ညက ကွယ်လွန်သွားပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲမှာ မောင်ခင်မင် (ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားကြောင်းကို သမီးဖြစ်သူ မသူသူနွယ်အေးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားတာပါ။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရဲ့ အမည်အရင်းက ဦးခင်အေးဖြစ်ပြီး ၁၉၄၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ၂၀၀၂ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ မြန်မာစာပေနဲ့ပတ်သက်တဲ့ စာအုပ်ပေါင်း များစွာကို မောင်ခင်မင် (ဓနုဖြူ) အမည်နဲ့ ရေးသားခဲ့ပါတယ်။