သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ၂၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ ဒီကနေ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ကို ရောက်ရှိနေပါတယ်။
2016-09-06
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်အနီးက ညောင်ပင်ဝန်းကျေး ရွာမှာ ပေတထောင်ကျော် အရှည်ရှိ တဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီး လူနေအိမ်လေး လုံးနဲ့ နွားစာထားတဲ့တဲတစ်လုံး ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။
2016-09-06
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလမှာ လက်ရှိ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သာကေတ မြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ် ဓါးနဲ့ဝင်ခုတ်ခဲ့သူ ၃ ဦးကို သာကေတမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
2016-09-06
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မ တီအောက်က အဖွဲ့ ၇ ဖွဲ့မှာရှိတဲ့ ဝန်ထမ်း ၁၅၀၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်မှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမှာဖြစ် တယ်လို့ မထသ(ဗဟို) တာဝန်ရှိသူတွေက ပြောပါတယ်
2016-09-06
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင် ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်က မင်္ဂလာဈေးကို လာမယ့် ပွင့်လင်း ရာသီမှာ ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရေးကို စတင် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
2016-09-06
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့ ရောက်ရှိ လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ရခိုင်ပြည်နယ် ကော်မရှင် အဖွဲ့ဝင်တွေကို ဒေသခံတွေက ကော်မရှင်ကို အလိုမရှိကြောင်း ၂ ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။
2016-09-05
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ် ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ဒေ သတွေ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်း တထောင့်နှစ်ရာကျော်) လှူဒါန်းလိုက်ပါတယ်။
2016-09-05
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ရန်ကုန်မြို့ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။
2016-09-05
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊ ခရိုင်ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ရာထူးကနေ ဖယ်ရှား လိုက်တယ်ဆိုတာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ယောက်အနေနဲ့ မသိရှိကြောင်း ဦးဉာဏ်ဝင်းက ပြော ပါတယ်။
2016-09-04
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်မှာ နိုင်ငံခြားသားပညာရှင်တွေကို ထည့်သွင်းဖွဲ့စည်းတာဟာ နိုင်ငံရဲ့ အချုပ် အခြာအာဏာကို ထိခိုက်လာနိုင်တဲ့အတွက် ကန့် ကွက်ကြောင်း ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော် မတီ (ရန်ကုန်) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-04
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ ခရိုင်ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို အန် အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
2016-09-04
၂၁ ရာစုပင်လုံညီလာခံကနေ UWSA ၀ အဖွဲ့ထွက်ခွာသွားတာဟာ နားလည်မူလွဲမှား မှုဖြစ်တဲ့အတွက် တောင်းပန်ကြောင်းနဲ့ နောက်ထပ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်နိုင် ဖို့ NCA လမ်းကြောင်း အတိုင်းသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
2016-09-04
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုမြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်ကို ဗဟိုပြုပြီး ဒီကနေ့ မနက် အစောပိုင်းက ရစ်ချ်တာစကေး ၄.၂ အဆင့် ရှိ မြေငလျင်လှုပ် ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မန္တလေး မြေငလျင်စခန်းက သတင်းထုတ်ပြန်ပါတယ်။
2016-09-04
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မနက်ဖြန်ကစပြီး ကျူးကျော်နေထိုင်သူတွေ စာရင်း လိုက်လံကောက်ယူမယ်လို့ တိုင်းလွှတ်တော်ကိုယ် စားလှယ် က ပြောပါတယ်။
2016-09-04
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်း မြို့နယ်တဝိုက်က ချင်းတွင်းမြစ်ရေထဲမှာ ခဲပါဝင်မှုတွေ များနေတာဟာ ခန္တီးဘက် မှာ အမဲရောင်ရေထွက်တဲ့ တွင်းတတွင်း ပေါ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ သွားရောက် စစ်ဆေးမှာ ဖြစ်ပါတယ်။