သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-26
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ည ၉ နာရီလောက်က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။
2018-09-26
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် ပထမဆုံး အမျိုးသမီး တရားသူကြီးတစ်ဦးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အဆိုပြုအမည်စာရင်း ရန်ကုန်တိုင်း လွှတ်တော်မှာ ဒီကနေ့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
2018-09-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၃၀ ကြာတဲ့အထိ ဖိနှိပ်မှုတွေ ကြားထဲကနေ ပြည်သူတွေ အားကိုးရတဲ့ ပါတီဖြစ်အောင် ကြိုးစားခဲ့ရသလို နောက်ပိုင်းမှာလည်း ပြည်သူတွေ အားကိုးရတဲ့ ပါတီအဖြစ် ဆက်ရှိနေဖို့ ပါတီဝင်တွေက ကြိုးစားဖို့လိုကြောင်း ပါတီခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
2018-09-26
အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အလုပ်သမားအရေး ကိစ္စတွေမှာ ဖြေရှင်း ပေးနိုင်မှု အားနည်းတာကြောင့် NLD အစိုးရလက်ထက်မှာ အလုပ်သမား ဆန္ဒပြပွဲတွေ အမြောက်အမြားပေါ်ပေါက်လာရကြောင်း အလုပ်သမား သမဂ္ဂတွေက ဒီနေ့ ဝေဖန် ပြောလိုက်ပါတယ်။
2018-09-25
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံမှာ လူအများအပြားသတ်မှုအတွက် အလိုရှိသည်ဆိုတဲ့ စာတမ်းထိုးပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီလ ၂၄ ရက်ညက ကြီးမှူး လှုပ်ရှားခဲ့ပါတယ်။
2018-09-25
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ ကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေအသစ်တွေ အမေရိကန်ပြည်ထောင်စုက ချမှတ်သင့်တယ်လို့ စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ Human Right Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-25
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ကော်ရှင်အကြံပြု ချက်တွေအတိုင်း ဆောင်ရွက်ဖို့အတွက် ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
2018-09-25
ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင် “ရွှေရည်ထွန်း တွင်းအမှတ် ၂” က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းကို ပေါက်ဈေးထက်လျှော့ပြီး အစိုးရအနေနဲ့ ဝယ်ယူခွင့်ရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2018-09-25
ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
2018-09-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို နိုင်ငံတော်အလံ အက်ဥပဒေပုဒ်မ ၁၆ နဲ့ ထပ်မံတရားစွဲဆိုလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့တယ်လို့ သိရပါတယ်။
2018-09-25
ရွှေနဲ့ ဒေါ်လာတွေကို ကြိုရောင်းကြိုဝယ် လေပတ်ကား ရောင်းဝယ်သူတွေကို အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးစုံစမ်းမှု ပြုလုပ်ပြီးနောက် ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာအရောင်းအဝယ် မရှိသလောက် နည်းနေသလို ဒီနေ့ ရွှေဈေးကွက် အရောင်းအဝယ် မဖွင့်သေးတဲ့အတွက် ဈေးနှုန်းမသိရဘူးလို့ မြန်မာနိုင်ငံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထုံ က ပြောပါတယ်။
2018-09-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင် ထုတ်ပေးနေတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတဲ့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောလိုက်ပါတယ်။
2018-09-25
ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့ တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2018-09-25
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာနဲ့ ရွှေဈေးကွက်တွေကို တရားမဝင်ဈေးကစားသူ ၃ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2018-09-25
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ လာဘ်စားခဲ့တယ်လို့ စစ်ဆေးတွေရှိခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။