သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-29
လာမယ့်စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်း ကမ်း ချိုးဖောက် တဲ့ မော်တော်ယာဉ်တွေကို ထိရောက် တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး အရေးယူသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2016-08-29
လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပ မယ့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအစီအစဉ်တွေနဲ့ ညီလာခံအတွင်း အစုအဖွဲ့အလိုက် ဆွေးနွေးသွား မယ့် ကိစ္စတွေကို ညီလာခံ ပူးတွဲကျင်းပရေး ကော် မတီက ဒီနေ့ ဆွေးနွေးကြပါတယ်။
2016-08-29
ပြည်ထောင်စုအဆင့်နဲ့ အမျိုးသား အဆင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင် ရာတွေ့ဆုံပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၇၈ ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-08-29
ကချင်အထူးဒေသ ၁ နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ် - မြန်မာနယ်စပ် မှတ်တိုင် အမှတ် ၆ တဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ကေ အိုင်အေ တပ်ရင်း ၃ တို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2016-08-29
၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်တွေ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ နဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2016-08-28
၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ အဖွင့်အမှာစကားပြောကြားမယ်လို့ ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
2016-08-28
နေပြည်တော် ပျဉ်းမနားမြို့ က ပေါင်းလောင်းအားကစားကွင်းကို အများပြည်သူပိုင်ပြန်လည် သတ်မှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။
2016-08-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့် ယားကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျရောက်ပြီး အလယ်တန်းကျောင်းဆရာမ တစ်ဦးအပါအဝင် ရွာသား တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံ ၈၀၀ ကျော်က မြစ် ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-08-28
မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းဒေ သကြီးတွေမှာ နောက် ၃ ရက်လောက် အထိ မိုးများပြီး ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
2016-08-28
ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာထားရှိ ဖို့ ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ စာပေးပို့ထားပါတယ်။
2016-08-27
တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ ဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။
2016-08-27
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ရဲစခန်း အချုပ်ကနေ အချုပ်သား ၉ ယောက် မနေ့ညက ထွက်ပြေးခဲ့ပြီး ၈ ဦးကို ပြန် လည်ဖမ်းမိခဲ့ပေမယ့် တစ်ဦးလွတ်မြောက်နေပါတယ်။
2016-08-27
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ (မ.ထ.သ) လက်အောက်မှာရှိတဲ့ ယာဉ်ပိုင်ရှင်တွေဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။
2016-08-27
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ လူအင်အား တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-08-27
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်တွေမှာ ကူးစက်ရော ဂါကြောင့် ဒေသခံ ၈၂ ဦးသေဆုံးပြီး ကျေးရွာ ၇ ရွာမှာ လည်း ရောဂါပိုးပျံ့နှံ့နေပါတယ်။