သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-02
လူဦးရေ နှစ်သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။
2023-10-02
ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့တယ်လို့ PKPF တာဝန်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။
2023-10-02
ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စက်တင်ဘာ ၃၀ နဲ့ အောက်တိုဘာ ၁ ရက်နေ့တွေမှာ အရပ်သားခုနစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-10-02
လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီက တာဝန်ချထားတဲ့ တပ်သားတွေထဲက ခြောက်ဦးဟာ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေဆီ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
2023-10-02
ထားဝယ်ထောင်က အကျဉ်းသားငါးဦးဟာ စက်တင်ဘာ ၃၀ ရက်က ထောင်အပြင်ထွက်ပြီး ရာဘာထင်းသယ်ချိန်မှာ လုံခြုံရေးဝန်ထမ်းနှစ်ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။
2023-10-02
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒဿမ၂ သန်းရှိတယ်လို့ အောက်တိုဘာ ၂ ရက်ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။
2023-10-02
မန္တလေးမြို့ နန်းတော်နဲ့ ကျုံးတောင်ဘက် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ပျက်စီးခဲ့ပါတယ်။
2023-10-02
ဖားကန့်မြို့ ရဲစခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-10-01
၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်က ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်းပဲရှိခဲ့ရာက ၂၀၂၃ မှာ အမေရိကန်ဒေါ်လာ သန်းလေးရာအထိ တိုးလာတာလို့ Russia Briefing သတင်းက ဖော်ပြပါတယ်။
2023-10-01
လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
2023-10-01
MNDAA က တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်တွေနဲ့ ခိုလှုံလာတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ MNDAA က ငြင်းလိုက်ပါတယ်။
2023-10-01
ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းရွာက ဒေသခံအမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
2023-10-01
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-10-01
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2023-10-01
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၁၄၄၃ ဦးအထိ ရှိလာပါတယ်။