သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-30
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းကျော် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
2014-08-30
ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာက ခရစ်ယာန် သချိၤုင်းမြေတပိုင်းကို ဒေသအာဏာပိုင်တွေက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ရောင်းချထားပြီး၊ အခုထိ နေရာအ စား မပေးသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နာရေးကိစ္စ အတွက် ခရီးကွာလှမ်းတဲ့ တခြားရွာမှာ သွားရောက်မြှုပ်နှံနေ ကြရပါတယ်။
2014-08-30
မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။
2014-08-30
မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကိုလာမယ့် သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝဝ အထိ တိုးတက် လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး မစ္စတာ Alexey V. Ulyukaev က ပြောကြားလိုက်ပါတယ်။
2014-08-30
ယူနက်စ်ကိုလို့ခေါ်တဲ့ ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး ရဲ့ ရှေးဟောင်းအမွေအနှစ်တွေအဖြစ် အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံသမိုင်းတစ်ခေတ်က ရှေးပျူမြို့ဟောင်းသုံးမြို့ ထိန်းသိမ်းရေးလုပ်ငန်းမှာ ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ဧရာဝတီ သတင်းမဂ္ဂဇင်းက ရေး သားဖေါ်ပြလိုက်ပါတယ်။
2014-08-30
ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိန်းချုပ်နယ်မြေ သတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။
2014-08-29
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အဆင့်မြင့်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ဒီကနေ့ ပြောပါတယ်။
2014-08-29
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသားပညာရေးဥပဒေကို မုံရွာမြို့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-08-29
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲပေးနိုင်သူစာရင်း တိတိကျကျ ကောက် ယူနိုင်ဖို့နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း မဲပေးသူအရေ အတွက် တိတိကျကျစာရင်းထုတ်ပြန်နိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ် ဘက်အဖဲ့ွအစည်းတချို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-08-29
ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေ အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြီး ဘုံသဘောတူညီမှုတစ်ခု ရရှိဖို့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေပါဝင်တဲ့ UNFC အပါ အဝင် ပြည်ပကအင်အားစုတွေဟာ ဒီနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ဆွေးနွေးကြနေပါတယ်။
2014-08-29
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ၃ နှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်ပြီး လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ ထိ ၇ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ မနော ပွဲတော်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါ တယ်။
2014-08-29
ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေ အနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေး ထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်း ကိုသာ သွား သင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွားမှာဖြစ် တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြောကြားလိုက်ပါတယ်။
2014-08-28
မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ထောက်ပံ့ငွေကို တိုးမြှင့်မယ်လို့ သိရပါတယ်။
2014-08-28
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့် တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင် ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2014-08-28
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပေါ်ဒုက္ခသည်စခန်းကနေ ပေါက်တောမြို့နယ်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၀ကျော်ကို ပေါက်တောမြို့နယ် မှာရှိတဲ့ ရေတပ်က မနေ့က ဖမ်းဆီးလိုက်ပြီး မြေပုံမြို့တောင်ပေါ် ဒုက္ခသည်စခန်းကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။