သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-31
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းစလို့ စတင်ထိုးပေး နေပါတယ်။
2021-07-31
ဇူလိုင်လ ပထမနဲ့ ဒုတိယပတ် ကာလတွေမှာဆိုရင် ရန်ကုန်က ရေဝေးသုသာန်မှာ တစ်နေ့ကို ရုပ်အလောင်း ၈၀၀ နဲ့ ၁၀၀၀ ကြား နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရတဲ့ အခြေအနေကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစပြီး သေဆုံးမှု သိသိသာသာ ကျဆင်းလာတယ်လို့ ရန်ကုန်မြို့က နာရေးကူညီရေး ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။
2021-07-31
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနေတဲ့ အိမ်တွေကို ဇူလိုင် ၃၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-31
မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံတဲ့ ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်က လာအို နိုင်ငံဘက်အခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား လေးရာကျော်တို့ဟာ ကိုဗစ်ကပ်ရောဂါတွေကြောင့် အသွားအလာကန့်သတ်ခံထားရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ အဲဒီအလုပ်သမားတွေ က RFA ကို ပြောပါတယ်။
2021-07-31
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့တိုင်းလိုလို ဆန္ဒပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်းက လူငယ်တွေ တည်းခိုနေထိုင်တဲ့ ချမ်းအေးသာဇံ မြို့နယ်၊ ကံကောင်းအရှေ့ရွာက တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက ဒီနေ့မနက် ၈ နာရီလောက်မှာ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
2021-07-30
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ လူဦးရေ တစ်သိန်းခုနစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-07-30
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကို သွားရောက် အားဖြည့် ကူညီရာမှာ ပျောက်ဆုံးနေတဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်ခုကို ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးမှာ ဒေသခံတွေက ဇူလိုင်လ ၂၉ ရက် မနေ့က တွေ့ရှိခဲ့ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-30
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်သေဆုံးမှုတွေကို ထိန်းချုပ်ရေး မနိုင်မနင်းဖြစ်နေချိန်မှာပဲ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုဗစ်ရောဂါကို ကုသဖို့ကြိုးစားနေကြရသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး ကြိုးပမ်းနေကြပါတယ်။
2021-07-30
မြန်မာ့ကဗျာလောကမှာ ထင်ရှားတဲ့ အသက် ၈၁ နှစ်အရွယ်ရှိ ကဗျာဆရာ မောင်သင်းခိုင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ဒီနေ့ ညနေက ကွယ်လွန်သွားတယ်လို့ ပျဉ်းမနားဒေသခံ ကဗျာဆရာတစ်ဦးက RFA ကိုပြောပါတယ်။
2021-07-30
ချင်းပြည်နယ်၊ တောင်ပိုင်း ကန်ပလက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ၅၀၀ ကျော် ရှိတယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-07-30
ဇူလိုင် ၂၉ နဲ့ ၃၀ ရက် မနေ့ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်း၊ ကာမိုင်း၊ ဝိုင်းမော် စတဲ့မြို့နယ်တွေအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို အရပ်သားတစ်ဦးလည်း ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-30
ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဆူရ်ခွာမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနဲ့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီနဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး ဟားခါးမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-07-30
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးသူတွေဟာ ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရသူတွေဖြစ်တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ပြောပါတယ်။
2021-07-30
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဒီနေ့ကစပြီး ထိုးပေးနေပါတယ်။
2021-07-30
ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာဗဟုသုတတွေကို မျှဝေပေးနေတဲ့ ဒေါက်တာ မြင့်ဦး (ဂျီပီ) ဟာ ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွား တယ်လို့ သူရဲ့ မိသားစုဝင်ဆီက သိရပါတယ်။