သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-30
ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီမိသားစုဝင်တွေနဲ့ စစ်တပ်ကို ထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို သပိတ်မှောက်ဖို့ ဒေသခံလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အင်းလေးလူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်နေပါတယ်။
2023-09-30
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ရတဲ့ မြန်မာဒုက္ခသည်နှစ်ဦး စက်တင်ဘာ ၂၇ ရက်က အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2023-09-30
စစ်ကောင်စီဥက္ကဋ္ဌနဲ့ KNU ဥက္ကဋ္ဌဟောင်းတို့ စက်တင်ဘာလ ၃၀ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။
2023-09-30
ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ကျေးရွာ ငါးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်နေတာကြောင့် အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-30
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ "No More Bets" ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး စစ်ကောင်စီက တရုတ်အစိုးရကို ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ Global News Light of Myanmar က စက်တင်ဘာလ ၂၉ ရက်မှာ ဖော်ပြပါတယ်။
2023-09-29
စက်တင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ဝဝ နီးပါးကို ထိုင်းအစိုးရ ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအရေး ကူညီသူတွေက ပြောပါတယ်။
2023-09-29
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် အမျိုးသမီး ဒိုင်ယန်း ဖိုင်းစတိုင်း စက်တင်ဘာ ၂၈ ရက်ညက သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2023-09-29
တော်လှန်ရေးအင်အားစုတွေက နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီး အာဏသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
2023-09-29
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရွှေ့ပြောင်း၊ ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာလိုက်ပါတယ်။
2023-09-29
ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို အမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
2023-09-29
လိုင်ဇာမြို့အနီးက ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ AA ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ရဲဘော်တချို့လည်းရှိပါတယ်။
2023-09-29
အာဏာသိမ်းကာလ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၈၆,၀၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-09-29
မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျိုးကန်ရွာမှာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ လေးဦး သတ်ဖြတ်ခံရပါတယ်။
2023-09-29
ဧရာဝတီတိုင်း ဘိုကလေးနဲ့ မအူပင်က အမျိုးသား သုံးဦးကို PDF တွေ ဖြစ်တယ်၊ လူသတ်မှုကျူးလွန်တယ်ဆိုပြီး ဖျာပုံခရိုင်တရားရုံးက စက်တင်ဘာ ၂၈ ရက်က သေဒဏ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-09-29
တမူးမြို့နယ် ရန်လင်းဖိုင်ရွာက အမျိုးသားတစ်ဦး နွားကျောင်းသွားတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။