တောဆင်ရိုင်းနင်းလို့ ကလေးတဦးသေဆုံး

ပဲခူးမြို့အနောက်ဘက် ကျောက်ပုံကျေးရွာမှာ ဆင်ရိုင်းတအုပ် အနင်းခံရတဲ့အတွက် ၁ဝ နှစ်အရွယ် မိန်းကလေးငယ် တဦး မနေ့က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

2011.01.15

သေဆုံးသူ ကလေးငယ်ဟာ ဦးမျိုးညိမ်း၊ ဒေါ်တင်တင်အေးတို့ရဲ့ သမီး မစမ်းသီတာ ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရွာကို ဝင်ရောက်ခဲ့တဲ့ ဆင်ရိုင်းသုံးကောင်ထဲက တကောင်က နင်းခြေ သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။

အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၈ ရက် လောက်ကလည်း တောဆင်ရိုင်းတွေ နင်းသတ်တဲ့အတွက် သီလရှင်ကြီးတပါး ကွယ်လွန်သွားရတယ်လို့ ဆိုပါတယ်။

ကျောက်ပုံကျေးရွာဟာ ပဲခူးမြို့ အနောက်ဘက် ၁၅ မိုင်လောက်မှာ ရှိတဲ့ သာယာကုန်းရွာအနီးမှာ တည်ရှိပါတယ်။ အဲဒီ ဒေသတဝိုက်က ကျေးရွာတွေမှာ တောဆင်ရိုင်းတွေ သီးနှံ ဝင်ရောက် စားသောက်ကြတဲ့အတွက် လယ်မြေတွေ ပျက်စီးရသလို လူကိုပါ ရန်မူတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ရိုးမ ဆင်ရိုင်းအုပ်တွေက လယ်မြေတွေ ဖျက်ဆီးပြီး လူသေဆုံးတဲ့အထိ ရန်မူနေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိန်းသိမ်း ကာကွယ်ပေးတာ ခုချိန်အထိ မရှိသေးတဲ့အတွက် အဲဒီဒေသတဝိုက်က ပြည်သူတွေဟာ ဆင်ရိုင်းအုပ် အန္တရာယ်ကို နေ့စဉ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။