ကျောင်းသားသပိတ် အကြမ်းဖက်ခံရမှု ၆ လပြည့် ဆုတောင်းပွဲတွေ ကျင်းပ
2015.09.10

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတဲ့ ၆လပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့နဲ့ မြင်းခြံမြို့တို့မှာ ကျောင်းသား ကျောင်းသူတွေက ဒီနေ့ ဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။
မန္တလေးမြို့ ဗကသကျောင်းသား ကျောင်းသူ ၁၅ယောက်လောက်က လက်ရှိ ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လွတ်မြောက်ဖို့ မဟာမြတ်မုနိဘုရားမှာ ဆုတောင်းခဲ့တယ်လို့ မန္တလေးခရိုင် ဗကသ ကျောင်းသား အဖွဲ့ဝင် ကိုကောင်းခန့်ဇော်က ပြောပါတယ်။
"လက်ပံတန်းမှာ ကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွင်းခံရတာ ၆ လပြည့်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂကနေပြီးတော့ မန္တလေး မဟာမြတ်မုနိဘုရားမှာ ဆုတောင်းပွဲပြု လုပ်တာပါ၊ ဖမ်းဆီးထားတဲ့ကျောင်းသားတွေ အမြန်ဆုံလွှတ်ပေးဖို့၊ အမျိုးသားပညာရေးဥပဒေမှာ ကျနော် တို့တောင်းဆိုတဲ့ ၁၁ ချက် ထည့်သွင်းပေးဖို့ပါ"
မြင်းခြံခရိုင် ဗကသ ကျောင်းသား ၂ဝ နီးပါးကလည်း ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လွတ်မြောက်ဖို့အတွက် မြင်းခြံမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့ကနေ ဆန္ဒတော်ပြည့်ဘုရားအထိ လမ်းလျှောက်ဆုတောင်းခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်သားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့ က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်း သား ကျောင်းသူတွေနဲ့ ကူညီသူ ၆ဝ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
အခုလို ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခဲ့ ပြီးနောက် ၆ လကြာမြင့်တဲ့အထိ သူတို့ရဲ့အမှုကို အချိန်ဆွဲစစ်ဆေးနေတာဟာ အစိုးရအပေါ် ပြည်သူရဲ့ ယုံကြည်မှုကို လျော့ပါးစေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။