အရှင် ဝီရသူကို သာသနာ အကြည်ညိုပျက်စေမှုနဲ့ တိုင်ကြား


2016.07.13
winaung-620.jpg ပြည်တွင်းသက်တော်စောင့် ဥက္ကဌ ဦးဝင်းအောင် ကို တွေ့ရစဉ်
Photo: ပြည်တွင်းသက်တော်စောင့်

အမျိုးဘာသာ သာသနာ စောင့်လျောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူ ကို သာသနာတော် ကို အကြည်ညိုပျက်စေတဲ့ ပြောဆိုဟောပြောမှုအတွက် တာမွေရဲစခန်းမှာ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ နေထိုင်သူ ဦးဝင်းအောင် က အမူဖွင့်တိုင်ကြားခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဦးဝင်းအောင်က ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက အမူဖွင့်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"တာမွေမှာ ၁၁ ရက်နေ့ ၅ နာရီခွဲက သံဃာ့ဝတ်နည်းနဲ့ မညီတဲ့ဟာ သူကတရားပွဲမှာ ဖာသည်မ လို့ ဆဲတဲ့ဟာကို ကျနော်က တိုင်တဲ့သဘော တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပေါ့၊ စခန်းအနေနဲ့က သံဃာ့အကြီးအကဲကို တင်ပြပြီးတော့မှ တရားစွဲတဲ့ပုဒ်မတွေ ပြန်ရမှာပေါ့"

ခုလိုတိုင်ကြားခြင်းဟာ ၂၀၁၅ခုနှစ် ဇန်နဝါရီလက တာမွေမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ တရားပွဲမှာ  ဦးဝီရသူ က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ ဦးဝင်းအောင် က ပြောပါတယ်။  ဒါပေမဲ့ ၂၀၁၅ခုနှစ်က ဟောပြောချက်ကို အခုမှ ဘာကြောင့် တိုင်ကြားရပါသလဲ လို့ မေးမြန်းရာမှာ အရင်ကကြောက်လန့်တာကြောင့်ဖြစ်ပြီး အခုအချိန်မှာ လိုအပ်လို့ဖြစ်တယ်လို့ ဖြေပါတယ်။

တာမွေရဲစခန်းက တိုင်ကြားချက်ကို လက်ခံခဲ့ပေမဲ့ အမူမဖွင့်သေးဘဲ သံဃာ့နာယက အဖွဲ့ကိုတင်ပြပြီးနောက် ဆက်လက်ဆောင်ရွက်မယ်လို့ ဦးဝင်းအောင် ကပြောပါတယ်။  RFAက တာမွေမြို့နယ်ရဲစခန်းကို ဆက်သွယ်ရာမှာ အဆက်အသွယ်လုပ်လို့ မရပါဘူး။

ဒီအမူကို  တိုင်ကြားသူ ဦးဝင်းအောင်ဟာ ရန်ကုန်၊ နေပြည်တော်၊ ကော့သောင်းနဲ့ မြိတ်မြို့တွေမှာ ပြည်တွင်း သက်တော်စောင့် ဆိုတဲ့ လူမှုရေးအဖွဲ့တွေကို တည်ထောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။