ကျောင်းသားသပိတ်ထောက်ခံပွဲ ရန်ကုန်မှာ ပြုလုပ်မည်


2015.02.06
students-protest-education-bill-sule-305.jpg ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကို ထောက်ခံ တဲ့လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ လာမယ့် ဖေဖေါ်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့ မနက် ၁ဝ နာရီမှာ စတင်ပြုလုပ်မယ် လို့ သိရပါတယ်။

အရပ်အဖက် အဖွဲ့အစည်းတွေ၊ ကျောင်းသား နဲ့ ပြည်သူတွေက တာမွေအဝိုင်းလမ်းဆုံအနီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ဆူးလေဘုရားထိ ချီတက်ကြဖို့ ပြင်ဆင်နေတယ်လို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကိုလင်းထက်နိုင် က RFA ကိုပြောပါတယ်။

"လာမယ့် တနင်္ဂနွေနေ့ ၁ဝ နာရီ ဗိုလ်စိန်မှန်ကွင်း နားပေါ့ တာမွေအဝိုင်းနားကနေ စပြီးထွက်မယ်၊ ရည်ရွယ်ချက်က ၄ ခုရှိတယ်ခင်ဗျ၊ တစ်ခု က ကျောင်းသားသပိတ်တွေကို ထောက်ခံတယ်၊ ဒုတိယအချက်က သပိတ်မှောက်ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးတာတွေကိုမလုပ်ဖို့ ကျနော်တို့ အစိုးရကိုတောင်းဆိုတယ်၊ တတိယအချက်က တွေ့ဆုံညှိနှိုင်းအဖြေရှာမှုကို ရိုးသားစွာနဲ့ အမြန်ဆုံးပြန်လုပ်ပေးဖို့ အစိုးရကိုတောင်းဆိုမယ်၊ နောက်ဆုံးအချက်ကကျတော့ ပြီးခဲ့တဲ့ ၃ ရက်နေ့ မှာ နေပြည်တော်မှာ အစိုးရဘက်ကနေပြီးတော့ အကြောင်းအမျိုးမျိုးပြပြီးတော့ တစ်ဖက်သတ်ဆွေးနွေးပွဲကို ကြန့်ကြာအောင်လုပ်တာကို ကျနော်တို့ရှုတ်ချတယ်
"

ဒီမိုကရေစီပညာရေးအတွက် ရုန်းကန်နေတဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ မည်သူမဆို ပူးပေါင်းပါဝင်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။