အီဂျစ်လူထု အုံကြွမှုကို ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင်စား

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုနဲ့ ပတ်သက်လို့ လွတ်မြောက်ရေးကို လိုလားသူအားလုံး အီဂျစ်ပြည်သူတွေဘက်က ရပ်တည်နေပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2011.02.02
egypt_unrest_tanks_305_z.png အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ရှိ လမ်းမတခုပေါ်တွင် စီတန်း ရပ်နေသော တင့်ကားများ ပတ်လည်တွင် ဆန္ဒပြ လူအုပ်ကို ဆန္ဒပြပွဲများ ၆ ရက်မြောက် ဇန်နဝါရီ ၃၀ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
BBC သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ် ဆက်သွယ် မေးမြန်းခန်းမှာ အီဂျစ်နိုင်ငံက လူထုအုံကြွမှုဟာ သူ့အတွက် တော်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ ဖြစ်တယ် ၊ အီဂျစ်ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံမှာ ဖြစ်ပျက် နေတာမျိုးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အကောင်းဆုံး နည်းလမ်းလို့တော့ မပြောနိုင်ကြောင်း၊ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ နည်းလမ်းတခုသာ ဖြစ် ကြောင်း ၊ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ရွေးချယ်စရာ နည်းလမ်းတွေ မကုန်ဆုံးသေးတဲ့အတွက် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

လွတ်လပ်မှုကို လိုလားတဲ့ ကမ္ဘာ့ပြည်သူအားလုံး၊ ဒါမှမဟုတ် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူအားလုံးက အီဂျစ်နိုင်ငံက တိုက်ပွဲဝင် လူထုဘက်ကနေ ရပ်တည်နေကြောင်း၊ ပြည်သူတွေအနေနဲ့ အာဏာရှင်အစိုးရတွေအပေါ် နှစ်ကာလ ကြာမြင့်လာရင် စိတ်ကုန်ခမ်းလာတာ ဓမ္မတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-02 03:39

In my opinion,Daw Aung San Su Kyi is a good educated person but not good enough for international politics because of her comment on current EGYPT CRISIS.After her comment,we see thousands of pro-MUBARAK people were on the CAIRO streets.We should focus on the way to built democratic nation at our own country.Don't look for enemy arround the world and we need a lot of friends.Do you think all of those anti-MUBARAK protesters wants democracy?I don't so,their are a lot of islamist extremist.I'm a BURMESE(MYANMAR).