ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်ဘာသာ ကျောင်းသားများ တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၄ ရက် မနေ့ညနေက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံး ယဉ်ကျေးမှူဌာနကို သွားရောက်ပြီး အဲဒီဌာနက ဖွင့်ထားတဲ့ ပြင်သစ်ဘာသာ သင်တန်းမှာ သင်ယူနေတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၅၀ ခန့်နဲ့ တွေ့ဆုံခဲ့ ပါတယ်။

2011.03.15
assk_speech_youth_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: RFA

ညနေ ၄နာရီခွဲလောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနဲ့အတူစ ာသင်ခန်းထဲကို ဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်လိုက်ရတဲ့အခါ မိမိတို့ ကျောင်းသားတွေအားလုံး စိတ်လှုပ်ရှားသွားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်ကျိုးအတွက်သာ မဟုတ်ပဲ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ရည်မှန်းချက်ထားပြီး ပညာသင်ကြဖို့ သူတို့ကို တိုက်တွန်းသွားကြောင်း ပြင်သစ်စာသင်ယူနေတဲ့ ကျောင်းသူတဦးက RFA ကို ပြောပါတယ်။

“၄ နာရီခွဲလောက်ကျတော့ သံအမတ်နဲ့ ဆင်းလာတာပေါ့နော်။ အဲဒါ သံအမတ်ကြီးကနေပြီးတော့ ကျွန်မတို့ကို မိတ်ဆက်ပေးတယ်။ ပြင်သစ်လို မိတ်ဆက်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့က လက်ခုပ်တီးလိုက်တယ်ပေါ့နော်။ ပြီးလည်း ပြီးရော အန်တီစုက ထိုင်တော့ ကျွန်မတို့လည်း အားလုံး ဝိုင်းပြီးတော့ ထိုင်ကြတယ်။ အန်တီစုက ဘာပြောလဲဆိုတော့ သူ့မှာ နိုင်ငံရေး လုပ်တာ အဓိပ္ပာယ် အများကြီး ရှိပါတယ်ပေါ့။ ကောင်းတာလည်း ရှိတယ်၊ မကောင်းတာလည်း ရှိတယ်ပေါ့နော်။ ဒါတွေ ဝေဖန် ပိုင်းခြားတတ်ရမယ် ဆိုတာကိုလည်း သူပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောင်းသားတွေနဲ့ တွေ့ဆုံ အပြီးမှာ ပြင်သစ်သံရုံး ယဉ်ကျေးမှှုဌာနနဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ကျင်းပတဲ့ ဓာတ်ပုံပြပွဲကို ဆက်လက် သွားရောက် ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။