လူ့အခွင့်အရေး အမှတ်တံဆိပ် ပြိုင်ပွဲ အကဲဖြတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်
2011.05.04

ဒီအမှတ်အသား တံဆိပ်ဟာ တကမ္ဘာလုံးကို ကိုယ်စားပြုနိုင်မဲ့ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားတွေကို ပေါ်လွင်စေတဲ့ သင်္ကေတမျိုး ဖြစ်ဖို့ လိုကြောင်း သိရပါတယ်။ အသစ်တီထွင်မဲ့ လူ့အခွင့်အရေးတံဆိပ်ကို ရွေးချယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားကော်မတီဝင် ၂၈ ဦးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးတံဆိပ် ၁၀ ခုကို ပဏာမအနေနဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်၊ အဲဒီနောက် အင်တာနက်ပေါ်မှာ မဲပေးတဲ့စနစ်နဲ့ လူကြိုက်အများဆုံး တံဆိပ် တခုကို ဆန်ခါတင် ထပ်မံ ရွေးချယ်မယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် လူတွေ ပိုသိလာအောင် အမြဲပဲ ကြိုးစားလုပ်နေရမှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လူ့အခွင့်အရေး တံဆိပ်အတွက် ဒီဇိုင်းပညာရှင် ဘယ်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး မိမိတို့ တီထွင်ထားတဲ့ ဒီဇိုင်းကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး HumanRightsLogo.net ဆိုတဲ့ အင်တာနက်စာမျက်နှာကို ပေးပို့ ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။
အရွေးချယ်ခံရတဲ့ ဆုရှင်အမည်စာရင်းကိုတော့ လာမဲ့ စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇,၀၀၀ ကျော်နဲ့ ညီမျှတဲ့ ဥရောပယူရိုငွေ ၅,၀၀၀ ကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။