စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်


2019.02.14
rakhine-parliament-feb13-622.jpg ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းတာဖြစ်ပြီး မြောက်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းကထောက်ခံခဲ့ပြီး အဆိုကို ဆွေးနွေးဖို့အတွက် လာမယ့်တနင်္လာနေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရမယ်လို့ ဦးဦးသန်း နိုင် က RFA ကို ပြောပါတယ်။

လာမယ့်အပတ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာဖြစ်ပြီး အဆိုအောင်မြင်ရင် ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရဆီ တိုက်တွန်းအကြောင်းကြားရမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။