တောင်ငူတက္ကသိုလ် ကျောင်း သားတွေ ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြ


2014.09.05
student-305 အမျိုးသားပညာရေးဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြန် လည်ရေးဆွဲပေးဖို့ စက်တင်ဘာလ ၄ ရက်နေ့က တောင်ငူ ခရိုင်ကျောင်းသားများ ဆန္ဒပြစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြန် လည်ရေးဆွဲပေးဖို့ ဒီကနေ့ တောင်ငူခရိုင်ကျောင်းသား များသမဂ္ဂအဖွဲ့ဝင် ၃၀ လောက်က တောင်ငူ တက္ကသိုလ်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆရာ ဆရာမတွေ၊ ကျောင်းသားတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ရေးဆွဲပေးဖို့ တောင်း ဆိုတာဖြစ်တယ်လို့ တောင်ငူခရိုင်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုထွန်းအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ အထူးသဖြင့်တော့ ပြောရရင်တော့ တစ်အုပ်လုံးကိုပြင်ဆင်ဖို့၊ တစ်အုပ်လုံးကို ပြင်ဆင် ပြီး ကျောင်းသားကိုယ်စားလှယ်တွေနဲ့၊ ဆရာ ကိုယ်စားလှယ်တွေနဲ့၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဲ ပါဝင်ပြီးတော့ရေးဆွဲဖို့ပေါ့နော်၊ အထူး သဖြင့်ပြောရရင်ပေါ့နော်၊ အမျိုးသားပညာရေးကော်မရှင်က ဗဟိုချုပ်ကိုရေးစနစ်ကို လွှမ်းမိုးနေတဲ့ အတွက် ကျနော်တို့က ဆန္ဒပြရတာပါ"

ဆန္ဒပြကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာ ဆရာမများသမဂ္ဂတွေ ကို တရားဝင်ဖွဲ့စည်းခွင့် ပြဌာန်းမပေးထားတဲ့အတွက် ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို မန္တလေး၊ မုံရွာ၊ ထားဝယ်၊ စစ်ကိုင်းနဲ့ ဒဂုံတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။