ထိန်းသိမ်းခံ တကသကျောင်းသား ၃ ဦး စာမေးပွဲဖြေခွင့် မရသေး


2016.03.09
takatha-students-kophoethar-620.jpg အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တကသပြန်ကြားရေးတာဝန်ခံ ကိုဖိုးသားကို မတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arker/ RFA

တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ကျောင်းသားသုံးယောက်ဟာ လာမယ့် မတ်လ ၁၈ရက်နေ့မှာ စတင်မယ့် တက္ကသိုလ်စာမေးပွဲကို ဖြေဆိုခွင့်ရဖို့ တင်ပြထားပေမယ့် တရားဝင် ခွင့်ပြုချက် မရရှိသေးဘူးလို့ သိရပါတယ်။

ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းမှာ ဒဂုံတက္ကသိုလ်ကျောင်းသား တကသပြန်ကြားရေးတာဝန်ခံ ကိုဖိုးသားက စာမေးပွဲဖြေဆိုခွင့်ရဖို့ တင်ပြထားတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"တက္ကသိုလ်စာမေးပွဲတွေက ၁၈ ရက်နေ့စပြီလို့ပြောတယ်၊ ဒါပေမယ့် စာမေးပွဲဖြေခွင့်နဲ့ ပတ်သက်လို့ ဒဂုံတက္ကသိုလ်က ဌာနမှူးတွေဆီမှာ ကျနော်အကူအညီတောင်းထား တာ တွေတော့ရှိတယ်၊ ဒီအကျဉ်းထောင်က စာမေးပွဲဖြေဖို့ တစ်စုံတရာတာဝန်ယူမှုရှိရင် သူတို့ဘက်ကပေးဖြေမယ်လို့တော့ ပြောတယ်၊ အခုထိတော့ စာမေးပွဲဖြေဖို့ မသေချာ သေးဘူး"

အင်းစိန်အကျဉ်းထောင်မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်းနဲ့ စီးပွားရေးတက္ကသိုလ်က ကိုမင်းသူကျော်တို့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

သူတို့ဟာ တရားမဝင်စီတန်းလှည့်လည်မှုပုဒ်မ ၁၈နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ကို Failed Law စာသားပါ တီရှပ်တွေ ဝတ်ဆင်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။