အရေးယူခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိ


2016.12.08
police-620 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီးက ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရဲစည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အရေးယူဆောင်ရွက် ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ထွန်းမင်း က ပြောပါတယ်။

ရဲစည်းကမ်းဖောက်ဖျက်သူတွေကို ရဲမှူးအဆင့်ကစပြီး အောက်ခြေဝန်ထမ်းတွေအထိ အရေးယူ ဆောင်ရွက် ထားတယ်လို့ ရဲမှူးကြီး ထွန်းမင်းက ပြောပါတယ်။

"တိုင်ကြားခံရတာ ရဲမှူးအဆင့်ကနေစပြီးတော့ ရဲဘော်အဆင့်အထိ ရှိပါတယ်။ ထောင်ကျတဲ့သူ ၂၆ ယောက်၊ ထုတ်ပစ်တဲ့သူ ၄ ယောက်၊ ရာထူးအဆင့်လျှော့ချတာ ၁၀ ယောက်ကျော်ကျော်၊ နောက်ဝန်ထမ်းလုပ်သက် လျှော့ ချတာ ၃၅ ယောက်၊ နောက်နှစ်တိုးလျှော့ချတယ်၊ မှတ်တမ်းဝင်သတိပေးတယ်၊ ပြင်းထန်စွာ သတိပေးရှုတ်ချတယ် အများကြီးပါပဲ"

အမှုကိုမမှန်မကန်စစ်ဆေးမှု၊ လိုင်းကြေးတောင်းတာ၊ အမှုဆင်ဖမ်းတာ၊ အမှုစစ်ကြန့်ကြာတာ၊ တရားခံကို မဖမ်းတာစတာတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၅၇ မှုရှိပြီး တိုင်ကြားမှုအပြင် ရဲစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခံထားရတဲ့ ရဲဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။

ကျူးလွန်တဲ့ပြစ်မှုအလိုက် ထောင်ဒဏ်အပြစ်ပေးတာ၊ အလုပ်က ထုတ်ပယ်တာ၊ ရာထူးလျှော့ချတာ၊ နှစ်တိုးလျှော့ ချတာ၊ ပြင်းထန်စွာအပြစ်ပေးတာတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်တွေမှာ အများဆုံးတိုင်ကြားခံထား ရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းမင်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။