တနိုင်းမှာ တိုက်ပွဲဖြစ်
2017.06.16

ကချင်ပြည်နယ် တနိုင်းမြို့က ရွှေနဲ့ပယင်းမှော်တွေဆီကိုသွားတဲ့လမ်း ၉ မိုင်တံတားနားမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တနိုင်းမြို့ဒေသခံတွေက ပြော ပါတယ်။
ဒီကနေ့မနက် ၈ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ အတော်များများကြားရကာ လမ်းတွေ လည်း ပိတ်ထား လို့ သွားလို့မရဘူးလို့ အမည်မဖော်လိုတဲ့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတဲ့ ၉ မိုင်တံတားဟာ တနိုင်းမြို့ပေါ်နဲ့ ၉ မိုင်အကွာလောက်မှာရှိတာဖြစ်ရှိပြီး လီဒို လမ်းမ ကြီးပေါ်ကနေ ရွှေနဲ့ပယင်းမှော်ဘက်ကိုသွားတဲ့ လမ်းခွဲဖြစ်ကာ ဒေသအခေါ်အရ မှောင်ခိုလမ်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အစိုးရတပ်မတော်က ကေအိုင်အေတပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ နယ်မြေ အတွင်း နမ်ဗြူ၊ ထန်းပလား၊ အောင်လွတ် နဲ့ နမ့်ကွမ်းစတဲ့ တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေဘက်မှာ နယ်မြေ ရှင်း လင်းရေးဆောင်ရွက်မှာဖြစ်တဲ့အတွက် ဇွန်လ ၁၅ ရက်နေ့ မနေ့ကအထိ နောက်ဆုံးထား ဖယ်ရှားပေးဖို့ လေ ယာဉ်ပေါ်ကနေ စာတွေဖြန့်ဝေခဲ့ပါတယ်။
မှော်တွင်းနေထိုင်ကြသူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကစပြီး ပြောင်းရွှေ့တာတွေလုပ်နေကြ ပေမယ့် မှော်ထဲ မှာနေထိုင်သူတွေ ကျန်ရှိနေသေးသလို အနီးအနား က ကျေးရွာတွေမှာလည်း နေထိုင်သူတွေ ရှိနေပါတယ်။