တာမိုးညဲမှာ မိုင်းပေါက်ကွဲ မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး
2016.11.14

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်မှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသ ခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တာမိုးညဲမြို့နယ်၊ ရပ်ကွက်( ၅ ) က နေအိမ်တစ်လုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
"တာမိုးညဲရပ်ကွက်( ၅) ရဲ့ အိမ်ရှေ့မှာကွဲတာ။ သံတိုသံစတွေ ကားပေါ်တင်ရင်းကနေ အိတ်ထဲကနေ ပေါက်ကွဲ တာ။ သီးခြားကြီးထောင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူး။ အင်ဂျင်နီယာတပ်က ယူဆတာတော့ အဲဒီသံတို သံစ တင်တဲ့အထဲမှာ ရောပါတဲ့သဘောပေါ့နော်။" လို့ ပြောပါတယ်။
တာမိုးညဲမြို့နယ်ကနေ ကွတ်ခိုင်မြို့နယ်ကို သံတိုသံစတွေ သွားရောက်ရောင်းချဖို့ ကားပေါ်ကို သံတိုသံစအိတ်တွေ တင်ဆောင်စဉ်မှာ အိတ်အတွင်းက မိုင်းအဟောင်းတစ်လုံး ပေါက်ကွဲတာဖြစ်ပါတယ်။
လက်ရှိ အဲ့ဒီမိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပေါက်ကွဲစေတတ်သော အရာဝတ္ထုနဲ့ စပ်လျဉ်းပြီး ပေါ့လျော့မှုပုဒ်မ ၂၈၆ နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ တယ်လို့ ရဲချုပ်အောင်အောင် က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တာမိုးညဲမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွား မှုတွေရှိခဲ့တယ်လို့လည်း ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။