တောင်ကုတ် လူသတ်မူကို တရားရုံးမှာ စတင်စစ်ဆေး


2013.08.15

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူ ၁ဝ ယောက် အသတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို သံတွဲခရိုင်တရားရုံးမှာ အင်္ဂါနေ့က စတင်စစ်ဆေးခဲ့ပါတယ်။

သူတို့ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး၊ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ အမှုကိုစတင်ကြားနာမယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဖမ်းဆီးထားသူ ၆ ဦးလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး၊ စစ်ဆေးမေးမြန်းပြီးမှ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ဇွန် ၃ ရက်နေ့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးပေါ်က လူ ၁ဝ ဦးကို တောင်ကုတ်မြို့မှာ လူအုပ်စုတစ်စုက ကားပေါ်ကဆွဲချပြီး သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာ ပြီးခဲတဲ့ဇူလိုင်လ ၁၇ ရက်က ဒီသတ်ဖြတ်မူနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၆ ဦးကို ရဲကဖမ်းဆီးခဲ့ပြီး၊ သံတွဲအကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။

တောင်ကုတ်လူသတ်မှု ဖြစ်ပွားအပြီး ရခိုင်ပြည်နယ်မှာ လူမျိုးရေးဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာမှာ လူနှစ်ရာကျော် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။