တန့်ဆည်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

2021.12.15
တန့်ဆည်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာရွာကနေ ပြန်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၁၃ ရက် မနေ့က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ နှစ်ဦးသေဆုံးပြီး တချို့ ဒဏ်ရာရခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

မှန်ကြိုင်မှန်ရင်းရွာ မူးဘောင်နားမှာ မိုင်းဆွဲခံရကာ ဒု-ရဲအုပ် တစ်ယောက် အပါအဝင် နှစ်ယောက် သေသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည် ဒေသခံတစ်ယောက် ပြောပါတယ်။

"၁၃ ရက်နေ့ ညနေကဖြစ်တာ။ ရွာသာယာရွာက သတ်ခံရတဲ့သူတွေက ပျူစောထီးတွေ၊ သူတို့ကို စစ်တပ် က ပစ္စတို လက်နက်အစစ်တွေပါ ပေးထားတော့ သူတို့က တအားဆိုးတယ်။ အဲဒါကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လာသတ်သွားတာ။ သူတို့သေတော့ စစ်ကောင်စီက ရွာကိုလာပြီးစစ်တာ အဲဒီကနေအပြန် ဖြစ်သွားတာပဲ၊ ကာကွယ်ရေး တပ်သားတွေဘက်ကတော့ ထိခိုက်မှုရှိတယ်လို့ မကြားရဘူး"

နှစ်ယောက်သေဆုံးတယ်ဆိုတာကို စစ်ကောင်စီဘက်က အတည်ပြုထုတ်ပြန်ထားသလို ဒဏ်ရာရရှိသူတွေ ထဲက ခြောက်ယောက်မှာ စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

ရွာသာယာရွာက ပျူစောထီးတွေကို သတ်တဲ့အဖွဲ့က တန့်ဆည် PDF တပ်ဖွဲ့ကဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာ ကတော့ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က လုပ်တာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းမှာ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဟာ ပြောက်ကျားနည်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်တဲ့ စနစ်ကို အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-15 19:25

well done, Good job, Be safe PDF and peoples