ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု အမှုမှန်ဖော် ထုတ်ပေးဖို့ ဆရာတွေ တောင်းဆို


2017.01.22
teachers-protest-620.jpg ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးဖို့ ဆရာ၊ ဆရာမတွေ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: Aung Thain Kha/ RFA

ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ရွာက အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင် ပြီး ရန်ကုန်တိုင်းက ဆရာ၊ ဆရာမတွေနဲ့ ဟင်္သာတ၊ မအူပင်၊ ဒလ၊ တွံတေး စတဲ့ မြို့တွေက ဆရာ၊ ဆရာမ ၆၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝလုံခြုံရေးကို ဆောင်ရွက်ပေး ဖို့၊ ဆရာ ဦးအောင်ဇင်ထွန်း သေဆုံးမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ တရားမျှတမှုရှိစွာဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဦးအောင်ဇင်ထွန်း ရဲ့ရုပ်အလောင်းကို သြင်္ဂ ိုဟ်ခဲ့ရာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေ ၅ ထောင်ဝန်းကျင် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အခုလို ကျောင်းဆရာတစ်ဦးကို သတ်ဖြတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို များစွာထိခိုက်ကြောင်း၊ ဦးအောင်ဇင်ထွန်း အခုလို ပစ်သတ်ခံရတာ ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ပြောပါတယ်။

ဖားကန်မြို့နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းက အသက် ၂၀ ကျော်အရွယ် ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ဆိုင်ကယ်စီးသေနတ်သမား ၃ ဦးက ကျောင်းကနေ ခေါ်ဆောင်သွားပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဦးအောင်ဇင်ထွန်း ရဲ့ရုပ်အလောင်းကို သြင်္ဂ ိုဟ်ခဲ့ရာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေ ၅ထောင် ဝန်းကျင် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။