ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခ နှုန်းထားတွေ စျေးတက်မည်

2021.12.03
ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခ နှုန်းထားတွေ စျေးတက်မည် ရခိုင်ပြည်နယ်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးစွဲနေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေကို မကြာခင် ပြောင်းလဲသွားမယ်လို့ တယ်လီနောနဲ့ အူရီဒူး ဆယ်သွယ်ရေးကုမ္ပဏီတွေက ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ အသုံးပြုသူတွေထံ အကြောင်းကြားလာပါတယ်။

အူရီဒူးကတော့ ပြောင်းလဲမယ့်ရက်ကို မကြေညာသေးပေမယ့် တယ်လီနောကတော့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ပြောင်းလဲသွားမယ်လို့ဆိုပါတယ်။

မြန်မာ့ဆက်သွယ်ရေးကပိုင်ဆိုင်တဲ့ အမ်ပီတီကတော့ အကြောင်းကြားတာ မရှိသေးပါဘူး။

အခုလို အကြောင်းကြားမှုနဲ့ ပတ်သက်လို့ အူရီဒူး ဆားဗစ်စင်တာကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခတွေ စျေးတက်မှာဖြစ်ပြီး ဘယ်တော့တက်မလဲ၊ ဘယ်လောက်တက်မလဲဆိုတာ မသိရ သေးဘူးလို့ အကြောင်းပြန်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဆက်သွယ်ရေး ကုမ္ပဏီတွေက ရောင်းချနေတဲ့ အင်တာနက်အသုံးပြုမှု ဈေးနှုန်းတွေကတော့ အူရီဒူးနဲ့ တယ်လီနောက ၉၂၅ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပြီး အမ်ပီတီကတော့ ၉၅၀ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပါတယ်။

တယ်လီဖုန်းအသုံးပြုမှု နှုန်းထားတွေကတော့ အမ်ပီတီက တစ်မိနစ်ကို ၂၈ ကျပ်၊ တယ်လီနောနဲ့ အူရီဒူး ကတော့ တစ်မိနစ်ကို ၃၉ ကျပ် ကျသင့်တာကို တွေ့ရပါတယ်။

ဝိုင်ဖိုင်အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီအချို့ကလည်း အခုလက စတင်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေ တိုးမြှင့်ဖို့ ပြင်ဆင်နေတဲ့အကြောင်း သုံးစွဲသူတွေထံကို အသိပေးလာတယ်လို့ ဝိုင်ဖိုင်အသုံးပြုသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။