မန်လီရွာတိုက်ပွဲအတွင်း ဒေသခံရွာသား ၁၀ ဦးပျောက်ဆုံးနေ


2019.03.04
shan-refugees-622.jpg RCSS နဲ့ SSPP၊ TNLA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို သီပေါမြို့ တုံစင့်ရပ်ကွက်က စာသင်ကျောင်းမှာ ၂ဝ၁၉ မတ် ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့ မနက်ပိုင်းအထိ RCSS နဲ့ SSPP၊ TNLA တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်း မန်လီကျေးရွာသား ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန်လီရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းတပ်ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ဒီလဆန်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်း ပျောက်ဆုံးနေတဲ့ ရွာသား ၁၀ ဦးထဲက တချို့ဆီမှာ လက်ကိုင်ဖုန်းတွေ ပါပေမယ့် မိသားစု ဝင်တွေက ဆက်သွယ်လို့မရဖြစ်နေတဲ့အတွက် ပျောက်ဆုံးသူတွေရဲ့ အမည်စာရင်းကို နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူး ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီရွာသား ၁၀ ဦးကို တိုက်ပွဲဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။ ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ TNLA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က သူတို့ပူးပေါင်း အဖွဲ့က ဖမ်းဆီးထားခြင်းမရှိကြောင်း ငြင်းဆိုပါတယ်။ RCSS တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။