ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန်

2021.02.10
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး‌ကောင်စီရဲ့ ဥက္ကဋ္ဌ ဦးတဲရန့်စန်မွေးနီခွဲ ၂၀၂၁၊ ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော်မှာ အစည်းအဝေးတက်ရောက်နေစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တပ်မတော်က အာဏာသိမ်းပြီး အသစ်ဖွဲ့စည်းခန့်အပ်ထားတဲ့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး‌ကောင်စီရဲ့ ဥက္ကဋ္ဌ ဦးတဲရန့်စန်မွေးနီခွဲဟာ ဖေဖော်ဝါရီလ ၁၁ ရက်‌နေ့ ဒီနေ့ မနက်အစောပိုင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဦးတဲရန့်စန်မွေးနီခွဲဟာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဋ္ဌတာဝန်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လုပ်သက် ၈ ရက်သာ ရှိပါသေးတယ်။

သေဆုံးသွားသူ ဦးတဲရန့်စန်မွေးနီခွဲဟာ ကောင်စီဥက္ကဋ္ဌ တာဝန်မထမ်းဆောင်ခင်က ချင်းပြည်နယ် တရားလွှတ်တော်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။