သပိတ်ကျင်းဒေသခံ ၃၀၀ ခန့် ရွှေတူးဖော်ရေးကုမ္ပဏီတွေကို ဆန္ဒပြ


2015.05.12
gold-mine-protest-305.jpg ရွှေတူးဖော်တဲ့ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေးဖို့ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မှာ မေလ ၁၂ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေ ထွက်ကျေးရွာက ကျေးရွာပိုင်မြေတွေမှာ ရွှေတူးဖော်နေ တဲ့ ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေးဖို့ ဒေသခံ ၃၀၀ လောက်က သပိတ်ကျင်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျေးရွာပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာတွေ မှာ ဝင်ရောက်တူးဖော်တာကို ကန့်ကွက်ကြောင်း နဲ့ ကျေးရွာပိုင်မြေ ပြန်လည်ရရှိဖို့ တောင်းဆိုတာဖြစ် တယ်လို့ ရေထွက်ကျေးရွာသူ ဒေါ်မေလွင်က ပြော ပါတယ်။

"ငါတို့ရွာ ငါတို့အရပ် ငါတို့မြေရအောင် ငါတို့ကတောင်းဆိုတာ၊ လိုချင်တာကိုပြောပြတာ၊ အဲဒီ့တောင် ကိုယ့်ရွာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ယာနဲ့ နေရအောင် အားလုံးမှာတာဝန်ရှိတယ်"

ရေထွက်ရွာကနေ မြို့ပေါ်မှာ ဆန္ဒပြဖို့အတွက် ကားတွေနဲ့ တက်လာတဲ့ ဒေသခံတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တားဆီးခဲ့ပါတယ်။ ကုမ္ပဏီတွေက ရွှေတူးနေတာနဲ့ တူးခွင့်တောင်းထားတဲ့ မြေတွေဟာ သစ်တော ပိုင်မြေတွေဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာစည်သူ သတ္တုတူးဖော်ရေးကုမ္ပဏီနဲ့ ဝေလင်းထိုက် သတ္တုတူးဖော်ရေးကုမ္ပဏီတို့က ကျေးရွာ ပိုင်မြေနေရာတွေမှာ ရွှေတူးဖော်တာတွေ စတင်ခဲ့တာလို့ သိရပါတယ်။

ရေထွက်ကျေးရွာက အိမ်ခြေ ၅၀၀ ကျော်မှာ လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြပြီး ဒေသခံတွေ ဟာ ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။