ပင်လယ်ဖြတ်ကူးခဲ့ ကြသူ နှစ်ရာကျော် ထိုင်း ပြန်လွှတ်မည်
2014.11.11

Photo: RFA
မြန်မာနိုင်ငံဘက်ကနေ ပင်လယ်ပြင်ကို လှေတွေ နဲ့ကူးဖြတ်လာခဲ့ကြသူ နှစ်ရာကျော်ကို မူလလာခဲ့ ရာဘက် ပြန်လွှတ်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ ကာပိုးခရိုင် ကမ်းခြေကနေ နှစ်မိုင်နီးပါးအကွာထိ ဝင်ရောက်ခဲ့ကြသူ ၂၅၉ ယောက်ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။
စစ်မေးချက်အရ သူတို့ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်း ဥပဒေမဲ့ဝင်ရောက်လာခဲ့ကြတဲ့ မွတ်စလင်တွေဖြစ်ကြောင်း၊ သူတို့ကို မူရင်းနိုင်ငံပြန် ကြဖို့ ပင်လယ်ထဲပြန်လွှတ်ဖို့သာရှိကြောင်း၊ နောက်ပိုင်း ကိစ္စကတော့ သူတို့ပြဿနာသာဖြစ်ကြောင်း ကာပိုး ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။