ထိုင်းနိုင်ငံသား လေးဦးကိစ္စ ဆွေးနွေးဖို့ ထိုင်းနိုင်ငံခြားဝန်ကြီး မြန်မာကိုလာမည်

RFA Burmese
2024.12.14
ထိုင်းနိုင်ငံသား လေးဦးကိစ္စ ဆွေးနွေးဖို့ ထိုင်းနိုင်ငံခြားဝန်ကြီး မြန်မာကိုလာမည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန် (Maris Sangiampongsa) အား တွေ့ရစဉ်။
Government House Photo

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား လေးဦးကိစ္စ ဆွေးနွေးဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန် (Maris Sangiampongsa) ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လာဖို့ရှိတယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနကပြောကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား လေးဦးကိစ္စကို ဆက်လက်ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ထိုင်းနိုင်ငံသား လေးဦး ပြန်လွတ်ရေး ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) နဲ့ ဆက်လက်ဆွေးနွေးနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လွတ်ဖို့ ထိုင်းအစိုးရက ထိထိရောက်ရောက် မဖြေရှင်းဘူးလို့လည်း ထိုင်းလွှတ်တော်အမတ်တွေက ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေတစ်စင်းနဲ့ အဲဒီစက်လှေပေါ်မှာပါတဲ့ ထိုင်းနိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတာ အခုဆိုရင် အချိန်နှစ်ပတ်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ တွေ့ရတာကြောင့် စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။