ထိုင်း-မြန်မာ နယ်စပ်ဂိတ်သစ် ၃ ခု ဖွင့်မည်


2013.04.26

ထိုင်းနဲ့ မြန်မာကြား အမြဲတမ်း နယ်စပ်ဂိတ်အသစ် ၃ ခု ထပ်မံဖွင့်လှစ်ဖို့ နှစ်နိုင်ငံသဘောတူညီခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

ဘရူနိုင်းမှာကျင်းပခဲ့တဲ့ (၂၂) ကြိမ်မြောက် အာဆီယံညီလာခံပြင်ပမှာ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်တို့ တွေ့ဆုံရာမှာ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်း ဘုရားသုံးဆူတောင်ကြားလမ်းနဲ့ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့ကြားမှာ နယ်စိပ်ဂိတ်အသစ်တစ်ခုနဲ့ တခြားနှစ်နေရာမှာ နယ်စပ်ဂိတ်သစ်နှစ်ခု ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒီဂိတ်သစ်တွေကြောင့် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်လာမှာဖြစ်ကြောင်း ယင်လပ်ကပြောပါတယ်။

ဒါ့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းနဲ့ပတ်သက်ပြီး ထိုင်းကရေးဆွဲထားတဲ့ SPV ခေါ် အစုရှယ်ယာ သဘောတူညီချက်မူကြမ်းကို မြန်မာအစိုးရအနေနဲ့ ကြည့်ရှုသုံးသပ်စေလိုကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဒီစီမံကိန်းအတွက် ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှေ့လအတွင်း နှစ်နိုင်ငံဆက်လက်ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးရာမှာ ဂျပန်နိုင်ငံကိုလည်းဖိတ်ခေါ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။