ထိုင်း-မြန်မာ ကုန်သွယ်ရေး မြှင့်တင်မည်


2016.07.06
thai-myanmar-620.jpg ထိုင်းနိုင်ငံ ဗန်ကောက်မြို့က အစိုးရအိမ်တော်မှာ ဇွန်လ ၂၄ ရက်နေ့က ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်စာချုပ်တွေကို လက်မှတ်ရေးထိုးပြီး လဲလှယ်စဉ်
Photo: Kyaw Zaw Win/RFA

၂၀၁၅ ခုနှစ် မနှစ်က မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလျံ နီးပါးရှိခဲ့ပြီး၊ လာမယ့်နှစ်မှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလျံကနေ ၁၂ ဘီလျံကြားတိုးမြှင့်ဖို့ ရည်မှန်းထားကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဲသလို တိုးမြှင့်နိုင်ဖို့အတွက် JTC ခေါ် ပူးတွဲ ကုန်သွယ်ရေးကော်မရှင်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကတဆင့် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ မကြာခင် က တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ရည်မှန်းချက်တွေ ချမှတ်ခဲ့တာပါ။ အဲဒီအဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက်တွေကို နေပြည်တော်မှာ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်ကျင်းပမယ့် သတ္တမအကြိမ်မြောက် JTC စည်းဝေးပွဲမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

JTC စည်းဝေးပွဲမှာ မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေး ဆိုင်ရာ ပြဿနာတွေဖြေရှင်းနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍက ဦးဆောင်တဲ့ CLMVT ခေါ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်း စီးပွားရေးလုပ်ငန်းကောင်စီ ထူထောင်ရေး ကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒါ့ပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း၊ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးရေးတွေလည်းဆွေးနွေးကြမှာပါ။ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့အောင် ထိုင်း-မြန်မာ သယ်ယူပို့ဆောင်ရေး သဘောတူညီချက်ကိစ္စ ဆောင်ရွက်ဖို့နဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေ အဆငိ့်မြှင့်ရေးကိစ္စတွေလည်း ထိုင်းဘက်က ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အဌမမြောက် အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။