ထိုင်းမြန်မာနယ်စပ် လက်နက်မှောင်ခိုမှုတွေ စောင့်ကြည့်ဖို့ သတိပေးထား

2021.09.21
ထိုင်းမြန်မာနယ်စပ် လက်နက်မှောင်ခိုမှုတွေ စောင့်ကြည့်ဖို့ သတိပေးထား မြန်မာနိုင်ငံကို တရားမဝင်ပို့မယ့် လက်နက်များကို ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ ၂၀၂၁ မေလ ၂၇ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းမိစဥ်
Photo: RAM

ထိုင်းမြန်မာနယ်စပ်မှာ လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကို တားဆီးနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ထိုင်းဒုဝန်ကြီးကနေ ညွှန်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေအရှိန် မြင့်လာနေတဲ့ မြန်မာနိုင်ငံ အတွင်းကို စစ်သုံးလက်နက်တွေ မှောင်ခိုရောင်းချနေတယ်ဆိုတဲ့ သတင်းတွေ မကြာခင်က ထွက်လာပြီး နောက်ပိုင်း ထိုင်းဒုဝန်ကြီး Prawit Wongsuwon က လက်နက်မှောင်ခိုမှုတွေကို သတိထား စောင့်ကြည့်ကြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

လက်နက်တွေ ဘယ်ကလာသလဲ၊ ဘယ်လမ်းကြောင်းတွေက သယ်သလဲ၊ အရောင်းအဝယ်လုပ်တဲ့အခါ ငွေကြေးအလွှဲအပြောင်းတွေ ဘယ်လိုလုပ်နေသလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို အာရုံစိုက်ပြီး လေ့လာကြဖို့ ထိုင်းဒုဝန်ကြီးက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

Chon Buri ခရိုင်အတွင်းမှာ မကြာသေးခင်က လက်နက်မှောင်ခိုသမားတွေကို ဖမ်းဆီးမိခဲ့တဲ့အခါ သူတို့နဲ့ ဆက်စပ်သူတွေထဲမှာ အစိုးရအရာရှိတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက် မှုတွေဖြစ်စေမယ့် ဘယ်လိုပုံစံမျိုးကိုမဆို ထိုင်းနိုင်ငံက အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းဒုဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။