အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို အာမခံ မပေး


2017.06.16
kyaw-minswe-section-66d-620.jpg The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နဲ့ ကလောင်ရှင် ဗြိတိသျှ ကိုကိုမောင်ကို ဗဟန်းတရားရုံးမှာ ဇွန်လ ၁၆ ရက်နေ့ က ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/RFA

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမ,ခံ ပယ်ချလိုက်ပြီး ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တရားရုံးက တရားသေလွှတ်ပေးလိုက်ပါတယ်။

ဗြိတိသျှကိုကိုမောင်ဟာ သရော်စာကိုရေးသားခဲ့တာပဲရှိပြီး လူမှုကွန်ရက်ပေါ်မှာ ဖြန့်ချီခဲ့တာ မဟုတ်တဲ့အတွက် တရားသေလွှတ်တာဖြစ်တယ်လို့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောပါတယ်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမ,ခံ ထပ်မံလျှောက်ထားမှုမှာတော့ တရားရုံးကိုတင်ပြတဲ့ ဆေးစာဟာ ပြင် ပဆေးစာဖြစ်နေတဲ့အတွက် တရားမဝင်လို့ဆိုပြီး အာမ,ခံ ကိုထပ်မံပယ်ချလိုက်တာ လို့ ပြောပါတယ်။
ဦးကျော်မင်းဆွေ နောက်ထပ်ရုံးချိန်းကို လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ်The Voeice နေ့စဉ်သတင်းစာမှာ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် ရေးသားတဲ့ ကျည်ထောင်စုသစ္စာ ဆိုတဲ့သရော်စာကို ဖော်ပြခဲ့တဲ့အတွက် တပ်မတော်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။