မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု လျော့နည်းမယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း


2018.10.04
yangon-building-622.jpg ရန်ကုန်မြို့ လှည်းတန်းစင်တာနားက ဆောက်လက်စ အဆောက်အဦတစ်ခုကို တွေ့ရစဉ်
.

အာရှဒေသတွင်းမှာ ဖွံ့ဖြိုးမှု အခြေအနေ အားကောင်းနေပေမယ့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အစောပိုင်း ခန့်မှန်းချက်ထက် ဝ.၅ ရာခိုင်နှုန်း လျော့နည်းပြီး ၆.၂ ရာခိုင်နှုန်းပဲရှိမယ်လို့ ကမ္ဘာ့ဘဏ်က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဒေသတွင်း စီးပွားရေးအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

အခုလို ဖွံ့ဖြိုးမှုနှုန်းကျဆင်းရတဲ့ အဓိက အကြောင်းရင်းက ရေကြီးမှုတွေ၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ရခိုင်ပဋိက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့်လို့ ထောက်ပြထားပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတချို့ကို ပြဌာန်းပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ၂၀၂၀ - ၂၀၁၂ မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ ၆.၈ ရာခိုင်နှုန်းအထိ ပြန်ပြီး မြင့်တက်လာဖို့ မျှော်လင့်ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖွံ့ဖြိုးမှုအခြေအနေက မသေချာ မရေရာမှုတွေ များနေပေမဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့ ဖွံ့ဖြိုးမှု အခြေအနေကတော့ အားကောင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့မနှစ်က မြန်မြန်ဆန်ဆန်ကြီး ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဒီနှစ်မှာတော့ မသိမသာလေး ပြန်နှေးသွားတာကြောင့် ၆.၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးမှုကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုအရှိန်ကြောင့် မနှစ်တုန်းကထက် လျော့နည်းပြီး ဒီနှစ်မှာ ပျမ်းမျှ ၆.၃ ရာခိုင်နှုန်းရှိမယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။