သတင်းသမားတွေ အရည်အချင်းမြှင့်တင်နိုင်ရေး သမ္မတ ဦးသိန်းစိန် တိုက်တွန်း
2015.12.11

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရ ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ မီဒီယာသမားတွေ လိုက်နာရမယ့်တာဝန်နဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းလိုက် နာနိုင်အောင် အရည်အချင်းမြှင့်တင်ပေးရမယ့် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
ဒီနေ့ နေပြည်တော် သမ္မတအိမ်တော် သဘင်ခန်းမမှာ ပြုလုပ်တဲ့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၄ ဦး ကတိသစ္စာကျိန်ဆိုပွဲမှာ နိုင်ငံတော်သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။
"သတင်းမီဒီယာနည်းဥပဒေမှာ ကောင်စီရဲ့လုပ်ငန်းတာဝန်များအရ သတင်းမီဒီယာများ၊ စာနယ်ဇင်းအသင်း အဖွဲ့များက သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုရှိလာလို့ရှိရင် သတိပေးခြင်း၊ အဆိုပါ ဖောက်ဖျက်မှုများ အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းဖြေရှင်းပေးမှုရလဒ်များကို အများပြည်သူကို ထုတ်ပြန်ကြေညာခြင်း၊ သတင်းမီဒီ ယာကောင်စီရဲ့ လုပ်ငန်းတာဝန်များဟာ သတင်းမီဒီယာသမားများရဲ့ ရပိုင်ခွင့် အခွင့်အရေးများရရှိအောင် ဆောင် ရွက်ပေးရမည်ဖြစ်သလို သတင်းမီဒီယာသမားများ လိုက်နာရမယ့်တာဝန်နဲ့ ကျင့်ဝတ်များကိုလည်း လိုက် နာဆောင်ရွက်နိုင်အောင် အရည်အသွေးမြှင့်တင်ပေးရမယ့် တာဝန်ရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်"
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အသစ်ပြန်လည်ဖဲ့ွစည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဝင်တွေဟာ သတင်းမီဒီယာဥပဒေနဲ့အညီ သတင်းမီဒီယာ ဖံ့ွဖြိုးတိုးတက်ရေးအတွက် ကြိုးစားသွားမှာဖြစ်ကြောင်း ကတိသစ္စာခံယူခဲ့ကြပါတယ်။
သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ သတင်းမီဒီယာသမားအချင်းချင်းကြား အငြင်းပွားမှုတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ပြင်ပလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကြား တိုင်ကြားမှုတွေကို ကြားဝင်ဖြေရှင်းဆောင် ရွက်တာနဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာဖို့ သတိပေးဆောင်ရွက်ရမှာဖြစ်ပြီး ကောင်စီရဲ့ သက်တမ်းဟာ ၃နှစ်ကြာမြင့်မှာဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် ဦးခင်မောင်လေး(ခ) ဆရာဖိုးသောကြာ၊ ဒုတိယဥက္ကဌတွေအဖြစ် စာရေးဆရာ ဖေဖြင့် နဲ့ ဒေါက်တာ မျိုးသန့်တင်တို့ကို ရွေးချယ်ခန့်အပ်ထားတာဖြစ်ပါတယ်။