ရွေးကောက်ပွဲရလဒ် အကောင် အထည်ဖော်ရေး သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောတူညီ


2015.11.19
dassk-shwemann-nov19-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးရှေ့မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီကနေ ၁ဝ နာရီ ၁၅ မိနစ်အထိ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့််တွေ့ဆုံ အပြီး ခေါင်းဆောင် ၂ ဦးရဲ့လက်မှတ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာပါ။

လွှတ်တော်တွေဖွဲ့စည်းရာမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် လွှတ်တော်တွေကို ဥပဒေနဲ့အညီ ခေါ်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် နှစ်ဘက်သဘောတူညီလိုက်ကြပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။