သူရဦးရွှေမန်း ဇေယျာသီရိ မဲဆန္ဒနယ်လူထုနဲ့ သွားရောက်တွေ့ဆုံ


2015.08.21
shwemann-wife-620 သြဂုတ်လ ၂၁ ရက်နေ့က သူရဦးရွှေမန်းနဲ့ ဇနီးဒေါ်ခင်လေးသက်တို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျောင်းဓမ္မာရုံမှာ ဒေသခံပြည်သူတွေကို တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့မဲဆန္ဒနယ်ဟောင်းဖြစ်တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ် အကျိုးအတွက် ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဒီနေ့ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ဓမ္မာရုံမှာ အင်အား ၅ဝဝ လောက်ရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဇေယျာသီရိမြို့နယ်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးခင်မောင်ဌေးကို ထောက်ခံမဲပေးကြဖို့ တိုက်တွန်းပြီး ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဇေယျာသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီးလှဌေးဝင်း အကြောင်းကိုတော့ ထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။

ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်တဲ့နေရာဖြစ်ပြီး တပ်မိသားစုတွေ နေထိုင် တဲ့ နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်က သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် သူ့ကိုထောက်ခံမဲပေးခဲ့ကြတဲ့ ဇေယျာသီရိ မဲဆန္ဒနယ်က တပ်မိသားစုဝင်တွေ၊ တပ်မတော်သားတွေနဲ့ မဲဆန္ဒရှင် တချို့က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။