မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ သံဃာတော်တွေကို ဒလိုင်းလားမား ရှုတ်ချ


2013.05.07
dalai-lama305.jpg ၂ ပတ်ကြာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က RFA လွတ်လပ်တဲ့ အာရှအသံ ဝါရှင်တန်ဒီစီ ရုံးချုပ်ကို လာရောက်လည်ပတ်ခဲ့သော တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ သံဃာတော်တွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒလိုင်းလားမားက ဝါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ အန်ဝါဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

အခုလတ်တလော  မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် သံဃာတော်တွေတောင်  အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေကြပါတယ်၊ ဒါဟာ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာသံဃာတော်တွေ  ဗုဒ္ဓရှင်တော်ရဲ့ မျက်နှာတော်ကို အာရုံပြုနိုင်ကြ ပါစေ၊  နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊  ဘာသာရေးအတွက် ပါဏာတိပါတာကံကို ကျူးလွန်တယ်ဆိုတာ ဘယ်လိုမှစဉ်းစားလို့မရတဲ့ကိစ္စပါလို့ ဒလိုင်းလားမားက ပြောကြားခဲ့တာပါ။

မေရီလဲန်းတက္ကသိုလ်မှာ တက်ရောက်လာသူ ပရိသတ်ကို သြဝါဒစကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓအဆုံးအမနဲ့ မေတ္တာတရားအကြောင်း ဒလိုင်းလားမားက ဟောကြားခဲ့ပါတယ်။

အဲဒီနောက် အမေးအဖြေအစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံးအမအကြောင်းမေးခွန်းကို ဖြေဆိုရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်းလားမားက ထည့်သွင်းဟောကြားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။