ထီးချိုင့်မြို့ ကမ်းနီးရဲကင်းစခန်းကို ထီးချိုင့်ကာကွယ်ရေးအဖွဲ့ မီးရှို့

2021.10.05
ထီးချိုင့်မြို့ ကမ်းနီးရဲကင်းစခန်းကို ထီးချိုင့်ကာကွယ်ရေးအဖွဲ့ မီးရှို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က ကမ်းနီရဲကင်းစခန်း မီးရှို့ဖျက်ဆီးထားတာကို ၂၀၂၁ အောက်တိုဘာလ ၄ ရက်ညက တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ကမ်းနီရဲကင်းစခန်း အောက်တိုဘာလ ၄ ရက် မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရဲကင်းစခန်းမှာ ရဲတပ်သားတွေ တစ်ယောက်မှမရှိဘဲ ထီးချိုင့်မြို့နယ်ရဲစခန်းကို ရွှေ့ပြောင်းထားတာ ကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ကမ်းနီးရဲကင်းစခန်းမီးရှို့မှုဟာ သူတို့အဖွဲ့က လုပ်ခဲ့တာဖြစ်တယ် လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းကလည်း အလယ်တောရဲစခန်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းကိုပါ မီးရှို့ခဲ့သလို ထီးချိုင့်မြိုမရဲစခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံနေရာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နေ့စဉ်နီးပါး တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။