ဘိန်းစိုက်ပျိုးမှုနဲ့ မပတ်သက်ကြောင်း ဦးတီခွန်မြတ် တုန့်ပြန်ပြောကြား


2016.01.29
tikhunmyat-620.jpg ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ဒုတိယ ဥက္ကဌရာထူးအတွက် အဆိုပြုခံထားရတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်က သူဟာ ဘိန်းချက်စခန်းတွေကို တိုက်ဖျက်ခဲ့သူသာဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ဝေဖန်နေသူတွေအနေနဲ့လည်း သူ့ဒေသကို သွားရောက်လေ့လာသင့်ကြောင်း ပြော လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌနေရာအတွက် ဦးတီခွန်မြတ်ကို ရွေးချယ်ထားကြောင်း သတင်းထွက်ပေါ်လာချိန်မှာ ဦးတီခွန်မြတ်ဟာ ကွတ်ခိုင်မြို့ အထူးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးတီခွန်မြတ်ကို မေးမြန်းရာမှာ အခုလို တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။

"အဲ့ဒီဒေသမှာ ဘိန်းချက်စခန်းဆိုတာရှိခဲ့တယ်၊ အဲ့ဘိန်းချက်စခန်းကို အန်ကယ်ကိုယ်တိုင် သွားတိုက်ခဲ့တာပဲ၊ တစ်ခုတင်မကဘူး အများကြီးပါ၊ အဲ့လိုဖမ်းဆီးအရေးယူတဲ့ကိစ္စတွေ လုပ်ခဲ့တဲ့အပိုင်းတွေ ဒါတွေက မဖော်ပြဘဲနဲ့ အခုကျတော့ ပြောင်းပြန်ပြန်ပြောတော့ စဉ်းစားကြည့်ပါ၊ အမှန်သိချင်ရင် အဲ့ဒေသကို သွားမေးကြည့်ပါ၊ ဒါကတော့ အမှန်ဆုံးဖြစ်ပါလိမ့်မယ်၊ အကုန်မပြောချင်ဘူး၊ ပြောရင်အခုအချိန်က ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလဆိုတော့ ပြောလိုက်ရင် အဲ့ဒီအတွက် အများကြီးဟိုဟာဖြစ်မှာစိုးလို့ အောင့်အီး ထားတာ"

ဦးတီခွန်မြတ်ဟာ ၅နှစ်တာကာလအတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကွတ်ခိုင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးတီခွန်မြတ်ကို RFA သတင်းထောက် ကိုဘုန်းမြတ်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။