ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။

2012.03.30
assk-kachin-leader-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌ ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။
Photos courtesy of NLD

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ရှိစဉ်ကာလက သမ္မတ ဂေါ်ဗာချော့ဟာ ပြုပြင်ပြောင်းလဲရေးကို အစပျိုးခဲ့သူ ဖြစ်တဲ့အတွက် ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရပါတယ်။

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို တစ်ကမ္ဘာလုံးက ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ပြီးရင် တိုင်းမ်မဂ္ဂဇင်းက အတည်ပြုမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-04 22:59

u thein sein and daw aung san su kyi were voted.