TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ရာမှာ မြန်မာအမျိုးသမီး သုံးဦးပါဝင်

2021.09.15
TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ရာမှာ မြန်မာအမျိုးသမီး သုံးဦးပါဝင် ရှမ်းနီအမျိုးသမီး ဒေါ်အိသဉ္စာမောင်၊ ကချင်အမျိုးသမီး Esther Ze Naw Bamvo၊ မြန်မာအင်ဂျင်နီယာ ဒေါက်တာမီမီအောင်။ (ဝဲ မှ ယာ)
Photo: RFA

မြန်မာနိုင်ငံက တိုင်းရင်းသူအမျိုးသမီးနှစ်ဦးနဲ့ NASA အမေရိကန် အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာနက မြန်မာအမျိုးသမီးသိပ္ပံပညာရှင်တို့ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းရွေးချယ်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီး Esther Ze Naw Bamvo နဲ့ ရှမ်းနီအမျိုးသမီး ဒေါ်အိသဉ္ဇာမောင်တို့အပြင် အင်္ဂါဂြိုဟ် လေ့လာစူးစမ်းရေးမှာ Ingenuity မောင်းသူမဲ့ စူးစမ်းရေး စက်ရုပ်ယာဉ်လွှတ်တင်ရေး စီမံကိန်း ဦးဆောင်သူ မြန်မာအင်ဂျင်နီယာ ဒေါက်တာမီမီအောင်တို့ကို TIME မဂ္ဂဇင်းက ရွေးချယ်လိုက်တာပါ။

Ingenuity ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ် ဒီနှစ် ဧပြီ ၁၉ ရက်က သမိုင်းဝင်ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီစီမံချက်မှာ အင်ဂျင်နီယာပေါင်းများစွာနဲ့ သိပ္ပံပညာရှင် ပေါင်းများစွာ အတူတကွ လုပ်ဆောင်ကြပေမယ့် ဒေါက်တာမီမီအောင်က ညွှန်ကြားခဲ့တယ်လို့ TIME မဂ္ဂဇင်းက ဖော်ပြပါတယ်။

ဒေါ်အိသဉ္ဇာမောင်ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။