UEC ဥက္ကဌ ဦးတင်အေး စိတ်ဆိုးပြီး သတင်းစာရှင်းလင်းပွဲကို ရပ်ဆိုင်း
2015.11.10

လားရှိုးမြို့နယ် မဲဆန္ဒနယ်က ကြိုတင်မဲတွေကိစ္စ သတင်းထောက်တွေက မေးရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးဟာ စိတ်ဆိုးပြီး သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။
လားရှိုးမဲဆန္ဒနယ်မှာ ကြိုတင်မဲအရေအတွက် တစ်သောင်းကျော်ဖြစ်နေတာဟာ လူ ၃ ထောင်ကျော်ရှိရင် လူတစ်ဦးကို အနည်းဆုံး ၃ စောင်ပေးရတဲ့အတွက် တစ်သောင်း ကျော်ဖြစ်နေတာလို့ ဖြေပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မီဒီယာစင်တာမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ ပါတယ်။ အဲဒီမှာ Popular ဂျာနယ်နဲ့ Frontier ဂျာနယ်တွေက လားရှိုးမြို့နယ် မဲဆန္ဒနယ်က ကြိုတင်မဲကိစ္စကို မေးခဲ့ရာမှာ ဦးမြင့်နိုင်ရဲ့ အဖြေဟာ ဝေဝါးနေခဲ့ ပါတယ်။
ဦးတင်အေး ဖြေကြားခဲ့တဲ့ လားရှိုးမဲဆန္ဒနယ်က ကြိုတင်မဲကိစ္စဟာလည်း တိတိကျကျ ဖြေတာ မရှိခဲ့ဘဲ ကြိုတင်မဲပုံစံ ၃ မျိုးရှိကြောင်းနဲ့ အဲဒီကြိုတင်မဲတွေဟာ လူ ၃ ထောင်က ပေးတဲ့ကြိုတင်မဲဖြစ်တာကြောင့် တစ်ဦးကို မဲ ၃ မဲ ၄ မဲပေးရတဲ့အတွက် တစ်သောင်း ကျော် ဖြစ်နေတာလို့သာ ဖြေကြားခဲ့ပါတယ်။
သတင်းထောက် နှစ်ဦးမေးခဲ့တာက အဲဒီကြိုတင်မဲတွေဟာ ညနေ ၄ နာရီကျော်မှ ရောက်လာတာလား မတိုင်ခင် က ရောက်တာလား ကော်မရှင်အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းနေပါသလဲဆိုတာမျိုး မေးမြန်းခဲ့တာဖြစ်ပါတယ်။