ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁၂ ရက်အကြာ ပလောင်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်


2013.08.13

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့ို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ၁၂ ရက်အကြာ သြဂုတ်လ ၁၂ ရက်နေ့နေ့ညနေပိုင်းက အစိုးရတပ်တွေနဲ့ TNLA တပ်တွေ တိုက်ပွဲပြန် ဖြစ်ပွားခဲ့တာကြောင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုတွေအတွက် ထိခိုက်ြကန့်ြကာနိုင်ကြောင်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ကွန်စလန်းရွာအနီးမှာ TNLA ပလောင်တပ်ရင်း ၇၁၇ က တပ်ရင်းမှူး ဗိုလ်ကြီး တာအိုမ်တာမော် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကျောက်မဲ အခြေစိုက် အမှတ် ၁၇ ခြေမြန်တပ်ရင်းက အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PSLF အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က  ပြောပါတယ်။

"ကျွန်တော်တို့ အဖွဲ့က မူဆယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံရှင်းလင်းပွဲရယ် ပြီးတော့ မူးယစ်ဆေးါးတိုက်ဖျက်ရေးအတွက် ရှင်းလင်းပွဲကို မနေ့က ကွန်စလန်းရွာမှာ လုပ်တယ်၊ ရှင်းလင်းပွဲလုပ်ပြီးတာနဲ့ သူတို့ကလည်းလိုက်လာတယ်၊ ရွာရဲ့ အပေါ်ဘက် လမ်းခွဲရောက်တဲ့အချိန်မှာ သူတို့နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်ကြတာပါ၊ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်လိုက် ကျွန်တော်တို့ဘက်က ပြန်ပစ်လိုက်နဲ့ တိုက်ပွဲကနာရီက်လောက်ကြာတယ်၊ သူတို့ဘက်က နှစ်ေယာက် ဒဏ်ရာရသွားတယ်၊ သေမလားရှင်မလား၊ ဘယ်လောက်ထိဒဏ်ရာရလဲ မသိဘူး၊ အဲဒီနောက်ပိုင်းတော့  တိုက်ပွဲပြီးသွားတာပေါ့"

လောလောဆယ် တိုက်ပွဲပြန်ဖြစ်ပွားတာမရှိသေးပေယ့် အစိုးရ တပ်ဖက်က ကွန်စလန်း ကျေးရွာအတွင်းမှာ တပ်အင်အား ၁ဝဝ ကျော် ဖြည့်ဆည်းထားကြောင်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်ပြောပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့တို့ရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံခဲ့ချိန်က ယုံကြည်မှု တည်ဆောက်ဖို့နဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပပြုလုပ်သွားဖို့ သဘောတူညီချက်ရရှိထားပေယ့် ၁၂ ရက်အကြာမှာ  အခုလို တိုက်ပွဲပြန်ဖြစ်လာတာဟာ တွေ့ဆုံ ဆွေးနွေးှုတွေအတွက် ထိခိုက်လာနိုင်တယ်လို့လည်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက  ပြောပါတယ်။

"ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက်က သူတို့ဘက်က ဒီစစ်ရှိန်ကို လျှော့ချဖို့၊ ပြီးတော့ ဒီ ၂၁၁ ကနေ ၂၁၃ ကြားကာလထဲမှာ သူတို့ တိုးချဲ့တဲ့တပ်တွေကိုလည်း သူတို့ရဲ့ မိခင်တပ်တွေ ပြန်ဆုတ်သွား ဖို့ တောင်းဆိုထားတာရှိတယ်လို့ ပြောပါတယ်"

PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၁၂ ခုနှစ် နိုင်ဘာလက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ န်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ပြီး အခုနှစ် ၂၁၃ ဇူလိုင် ၃၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။