ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2016.01.14
tnla-620.jpg စစ်ရေးလေ့ကျင့်နေတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့အကြား အခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒီလ ၁၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ဟိုပုံးကျေးရွာ အတွင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အကျအဆုံးတွေ ရှိတယ်လို့ TNLAသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။

"ကွတ်ခိုင်မြို့နယ်ထဲက ဟိုပုံးရွာထဲမှာဖြစ်တယ်၊ အဲ့ဒီနေ့က ကျနော်တို့ ပွဲရှိတာပေါ့နော်၊ ကျနော်တို့ လုံခြုံရေးတွေချထားတယ်၊ အဲ့ဒီမှာ အစိုးရတပ်က ကျနော်တို့ရှိတဲ့နေရာကို လာပြီးမှ တိုက်ခိုက်တာပေါ့၊ ကျနော်တို့ဘက်ကတော့ အထိခိုက်ကျဆုံးမှုကတော့မရှိဘူး၊ အစိုးရဘက်ကတော့ ကွတ်ခိုင်မှာဖြစ်တဲ့တိုက်ပွဲက ထိခိုက်ကျဆုံးမှုရှိတယ်လို့သိရတယ်၊ သေစာရင်းတွေကိုတော့ မသိဘူး"

အစိုးရတပ်နဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့ကစပြီး တိုက်ပွဲပြင်း ထန်နေတာဖြစ်ပါတယ်။

အစိုးရအနေနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာတွေရပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်လို့ TNLA ဒုတိယဥက္ကဌ တာခူလန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။