ပန်လုံကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
2016.12.20

Photo: Kan Thar/RFA
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာန်း ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA တပ်ဖွဲ့တွေ ဒီကနေ့မနက်ကစပြီး ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ပန်လုံကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်တာကြောင့် လူနေအိမ်တွေမီးလောင် ပျက်စီးသလို ဒဏ်ရာရသူ ကျေးရွာသားတွေလည်းရှိနေပြီး ကျေးရွာသား ၁ ဦးဟာ လားရှိုးမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ပန်လုံနဲ့ အနီးတဝိုက်ကျေးရွာတွေက ရွာသား ၁၈၀၀ လောက်ဟာ ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ထွက်ပြေးလာသူ ကျေးရွာသားတချို့က ပြောပါတယ်။