ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက် သုံးမှုတင်းကြပ်ဖို့ လွှတ်တော် မှာ ဆွေးနွေး


2017.05.19
tobaco-law-620.jpg ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ဖို့ အဆိုကို ဒေါက်တာစန်းမောင်မောင် က မေလ ၁၉ ရက်နေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းစဉ်
.

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ရေးဆွဲ ပြဌာန်းပြီးပေ မယ့် ပြည်သူတွေလိုက်နာကျင့်သုံးမှု အားနည်းနေတာကို ပြည်ထောင်စုအစိုးရက ကိုယ်တွယ်ဖြေရှင်းပေးဖို့ တိုက် တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကိုထိန်းချုပ်ဖို့ အားနည်းနေတာကို အစိုးရက အရေးယူဆောင် ရွက်ဖို့ အဆိုကို တင်သွင်းတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်က အခုလိုပြောပါ တယ်။

"အားနည်းနေတာတော့ အဓိကတော့ ကျနော်တို့ ကျနော့်အမြင်ပေါ့နော် ဒါစီးပွားရေးသမားတွေနဲ့ သွယ်ဝိုက် ပြီးတော့ ပတ်သက်နေတယ်လို့ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ စီးပွားရေးသမားတွေကလည်းပဲ အထိုက်အလျောက် အုပ်ချုပ်ရေးပိုင်းတွေကို ထောက်ပံ့ပေးတာတွေရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဆေး လိပ်ဟာဆိုလို့ရှိရင် မြန်မာပြည်မှာ ချမ်းသာတဲ့ပုဂ္ဂိုလ် လူတော်တော်များများဟာ ဆေးလိပ်လုပ်နေ ကြတာ တွေ့ရပါတယ်၊ ဒီ ဆေးလိပ်လုပ်လို့ ချမ်းသာတဲ့ ပုဂ္ဂိုလ်များနေပြီးတော့ အုပ်ချုပ်ရေးပိုင်းတွေကို လိုအပ်တဲ့အထောက်အကူတွေပေးပြီးတော့ တနည်းအားဖြင့် သွယ်ဝိုက်ပြီးတော့ မလျော်သြဇာသုံးပြီးတော့ ဒီလိုမျိုးဖြစ်အောင် အားနည်းနေတယ်လို့ အဲဒီလို ယူဆပါတယ်"

၂ဝဝ၆ ခုနှစ်မှာထုတ်ပြန်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အရ စာ သင်ကျောင်းကနေ ကိုက် ၁ဝဝ အတွင်းဆေးလိပ်ရောင်းချခွင့်မရှိတာ၊ အသက်မပြည့်တဲ့ ကလေးသူငယ်တွေ ကို ဆေးလိပ်ရောင်းခွင့်မရှိတာ စတဲ့တားမြစ်ချက်တွေ ရှိပါတယ်။

ဆေးလိပ်သောက်သုံးမှုမှာ နှစ်စဉ် စီးကရက်အလိပ်ရေ ၇ သန်းကျော်သောက်သုံးနေပြီး ၁၅ နှစ်အထက် လူဦးရေ သန်း ၃ဝ ကျော်မှာ ထက်ဝက်လောက်က ဆေးလိပ်ကို နေ့စဉ် သောက်သုံးနေပြီး နှစ်စဉ်ဆေးလိပ်နဲ့ ဆေးရွက် ကြီးကြောင့် လူခုနှစ်သောင်းကျော် သေဆုံးနေတယ် လို့ လည်းပြောပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တေ ွအပါအဝင် ကိုယ်စားလှယ်အချို့က ကန့်ကွက်ပေမယ့် ထောက်ခံ သူ ၁၃၅ ဦးရှိတဲ့အတွက် အဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။