အမေရိကန်ဝန်ကြီး မြန်မာပြည် သွားမည်


2016.01.14
tom-malinowski-620.jpg အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Zaw Win/RFA

အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာနိုင်ငံနဲ့ ဟာဝိုင်ယီကျွန်းက အမေရိကန်ရေတပ်ဖွဲ့ဌာနချုပ်တို့ကို ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ၁၇ ရက်ကနေ ၁၉ ၇က်နေ့အထိ နေထိုင်စဉ်ကာလ အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့အတူ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေတွေကို တိုင်ပင်ဆွေးနွေး မယ်လို့ သိရပါတယ်။

ဒါ့အပြင် Tom Malinowski ဟာ မြန်မာကျောင်းသားတွေ၊ စာနယ်ဇင်းသမားတွေနဲ့ လုပ်ငန်းရှင်တွေကိုတွေ့ဆုံ ပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးမယ်လို့လည်း နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ တွေ့ဆုံမယ့်သူတွေထဲမှာ ဘယ်သူတွေပါဝင်သလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။