တောင်ကုတ် ဒေသခံ ခြောက်ဦး ဖမ်းဆီးခံရ

2022.10.15
တောင်ကုတ် ဒေသခံ ခြောက်ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဒေသခံ အရပ်သား ခြောက်ဦးကို စစ်ကောင်စီ တပ်သားတွေက အောက်တိုဘာလ ၁၄ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပိုင်ရပ်ကွက်က ဦးကျော်ရင်၊ ဦးကျန်အောင်၊ ဦးကြာနီအောင်(ခေါ်)ဦးဝင်းနိုင်၊ ဦးတင်ဖေ၊ ဂူတာရပ်ကွက်က ဦးသန်းနု၊ ချောင်းကောင်ရပ်ကွက်က ဦးသန်းငွေတို့ ဖမ်းဆီးခံရတာပါ။

သူတို့ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရဘူးလို့ တောင်ကုတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"တစ်ယောက်နဲ့ တစ်ယောက် ဖမ်းခံရတာ အချိန်မတူကြဘူး၊ ဖမ်းခံရတဲ့သူတွေက အသက်ကြီးပိုင်းတွေ ပိုများတယ်၊ တောင်ကုတ်မြို့ထဲ ရပ်ကွက်တွေထဲကလည်း ပါသလို၊ မြို့နဲ့ဝေးတဲ့ ရပ်ကွက်တွေကလည်း ပါတာပေါ့။ ဘာကြောင့်ဖမ်းတယ်ဆိုတာကတော့ ကျနော်တို့ မသိရသေးဘူး"

သူတို့ခြောက်ဦးလုံးကို တောင်ကုတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ယခုနှစ် မေလနောက်ပိုင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား တင်းမာမှုတွေ ရှိလာပြီး တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီအတောအတွင်း စစ်ကောင်စီတပ် တွေက AA ထောက်ခံသူတွေကို ဖမ်းဆီးမှုတွေလုပ်နေသလို AA ကလည်း စစ်ကောင်စီ တပ်သားတွေကို ပြန်လည်ဖမ်းဆီးတာတွေလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။